ပစ်လွှတ်လိုက်တဲ့...
သံယောဇဉ် အကြင်နာမြားသည်
ငါ့နှလုံးသားဗပိာုတည့်တည့်
မပာုတ်တောင်....
ငါ့ရင်ဘတ်ရဲ့ ဘေးပတ်ပတ်လည်ကို
ထိုးခိုက် ထိရှ...
ဒဏ်ရာရခဲ့လေပြီ...
မင်းကတော့ မသိသလိုပေါ့....
ဒါပေမယ့် ငါမင်းကို...
စိမ်းကားသူရယ်လို့
သူစိမ်းစကားမဆိုရက်ဘူး...
အမုန်းသမားရယ်လို့လည်း...
ရက်စက်စကား မဆိုရက်ပြန်ဘူး...
အခုတော့ ငါ့ရင်မှာ...
ဒဏ်ရာ ပရပွ နဲ့
အလွမ်းမီးဖြာလို့
ညစဉ် ရက်ဆက်အိပ်ရေးပျက်ခဲ့ရလေပြီ...
ဒီ ဒဏ်ရာတွေ မင်းကုစားမှ ပျောက်မှာမို့လို့
အချိန်မှီ လေးကယ်တင်ပေးပါကွာ...
တကယ်လို့ မပာုတ်ရင်တောင်...
ငါချစ်နေတာလေး မင်းသိခဲ့ရင်...
ဒီလူတွေ ဒီပျော်စရာတွေ ဒီသံယောဇဉ်တွေမရှိလည်း
ငါ့ရင်ထဲ နင်ရှိတယ်ဆိုတဲ့ အတွေးကလေးနဲ့တင်
ငါ့ ဘ၀ရဲ့ ခရီးသွားမှတ်တမ်းလေးကို
မင်းအတွက် ရည်ရွယ်လို့
ပေးဆပ်လိုက်ပါရစေ.....ကောင်မလေးရယ်